Decent Work and Economic Growth

- 16 days ago -

Proximity Designs is hiring a

Sales Representative

🇲🇲 Paungde, Danuphyu, Einme, MM 📝 FULL-TIME 🎯 ENTRY LEVEL

Sales Representative (Paungde, Einme, Danuphyu)

ရေတံခွန်အဖွဲ့မှ တောင်သူများထံသို့ ထိရောက်သော ဝန်ဆောင်မူများ ပေးနိင်ရန်အတွက် အဖွဲ့စည်းမှ ချမှတ်ထားသော နည်းဗျူဟာများနှင့် အညီ ရည်မှန်းချက်များပြည့်မှီအောင် ဆောင်ရွက်နိုင်ရန် အောက်မြန်မာပြည် ရှိ ပေါင်းတည်မြို့နယ် ၊ ဓနုဖြူမြို့နယ် ၊ အိမ်မဲမြို့နယ် ရုံးခွဲများတွင် လစ်လပ်လျှက်ရှိသော အရောင်းဝန်ထမ်းရာထူး (၆) နေရာ အားခန့်ထားရန်ရှိပါသည်။

လုပ်ငန်းတာဝန်များ

  • သတ်မှတ်ထားသော အရောင်းနယ်မြေတွင် အရောင်းရည်မှန်းချက်များ ပြည့်မှီအောင် ဆောင်ရွက်ရန်။
  • ရေတံခွန် ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှု အားလုံးအတွက် စားသုံးသူများထံသို့ အချိန်နှင့်တပြေးညီ ဝန်ဆောင်မှု အပြည့်အဝပေးရန်။
  • မိမိ၏ တစ်ပတ်စာ / တစ်လစာ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို ကောင်းစွာ စီမံဆောင်ရွက်ရန်။
  • အရောင်းငွေကြေးပိုင်းဆိုင်ရာ နှင့် စာရင်းပိုင်းဆိုင်ရာများကို မှန်မှန်ကန်ကန် အချိန်မှီ ပြီးစီးအောင် ဆောင်ရွက်ရန်။
  • တောင်သူများနှင့်တွေ့ဆုံပြီး ရရှိလာသော အခြေအနေများကို သက်ဆိုင်ရာမန်နေဂျာထံ အချိန်မှီ သတင်းပို့ရန် နှင့် စာရင်းပြုစုရန်။
  • အလားအလာရှိသော တောင်သူများနှင့် တွေ့ဆုံ၍ ၎င်းတို့၏ လိုအပ်ချက်များကို ရှာဖွေကူညီပြီး ပိုမိုကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန်။
  • အဖွဲ့အစည်းအတွင်းရှိ Agronomy, Marketing, Finance, Data and Digital, People operations, Internal Audit team အစရှိသော ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
  • ရုံးတွင်း၊ ပြင်ပ စိုက်ပျိုးရေးနှင့် ပတ်သက်သော အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်၍ သက်ဆိုင်ရာ မန်နေဂျာအား သတင်းပို့ရန်။
  • ရုံးအတွင်းရှိ Crop Advisory များနှင့် ပူးပေါင်းဆောင်ရွက်၍ တောင်သူများအား ဝန်ဆောင်မှုပေးရန်။
  • အရောင်းမန်နေဂျာနှင့် ရုံးခွဲ မန်နေဂျာတို့အား လုပ်ငန်းနှင့် ပတ်သက်သည်များကို ကူညီဆောင်ရွက်ပေးရန်။
  • လုပ်ငန်းလိုအပ်ချက်အရ သက်ဆိုင်ရာမြို့နယ်ရှိ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရန်။

လိုအပ်သော အရည်အချင်းများ

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ။

  • စိုက်ပျိုးရေး နှင့် ပတ်သက်ပြီး စိတ်အားထက်သန်သူ။

  • အဖွဲ့အစည်း စိတ်ဓာတ်ရှိသူ၊ အလုပ်တွင်ပျော်ရွှင်စွာလုပ်ဆောင်ပြီး မိမိကိုယ်ကို ဉီးဆောင်နိုင်သူ။

  • သင်ယူလိုစိတ်ရှိပြီး၊ အခြားသူများနှင့် တန်းတူညီမျှ ဆက်ဆံလိုစိတ်ရှိသူ။

  • အရောင်းနှင့် ပတ်သက်၍ စိတ်အားထက်သန်သူ။

  • အစဉ်မပြတ်ပြောင်းလဲနေသော တောင်သူများ၏ အမူအကျင့်များကို လေ့လာသုံးသပ်နိင်သူ။

  • တောင်သူများနှင့် လျင်မြန်စွာ ဆက်ဆံရေး တည်ဆောက်နိင်သူ။

  • ချမှတ်ထားသော ရည်မှန်းချက်များအား ပြည့်မှီအောင် ဆောင်ရွက်နိင်သူ။

  • ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ခြင်းနှင့် ဈေးကွက်ရှာဖွေနိုင်ခြင်း စွမ်းရည်ရှိသူ။

  • Digital literacy အားကောင်းသူ။

  • မော်တော်ဆိုင်ကယ် ကျွမ်းကျင်စွာ မောင်းနှင်နိုင်သူ၊ ယာဉ်မောင်းလိုင်စင်ရှိသူ။

  • အဖွဲ့အစည်း၏ လိုအပ်ချက်အရ တာဝန်ချရာနေရာအား ပြောင်းရွှေ့နိုင်သူ။

သင်ရရှိနိင်မည့် အခွင့်အလမ်းများ

သင့်အနေဖြင့် မြင့်မားသောလစာ ခံစားခွင့်ရရှိရုံသာမက ကျန်းမာရေးဆိုင်ရာခံစားခွင့်များနှင့် သင့်လုပ်ငန်းစွမ်းရည် တိုးတက်စေနိုင်မည့် အခြားအခွင့်အလမ်းများလည်း ရရှိမည်ဖြစ်သည်။ ထို့အပြင် လူမှုအကျိုးထိရောက်စွာ စွမ်းဆောင်နိုင်မှုအပေါ်အခြေခံသည့် Monthly Sales Commission လည်း ရရှိမည်သာမက ရှေ့သို့ဦးတည်စဉ်းစား တွေးခေါ်သူများနှင့် ကောင်းမွန်သော လုပ်ငန်းခွင်မှာ အလုပ်လုပ်ရမည်ဖြစ်ပြီး Proximity School မှတစ်ဆင့် ကမ္ဘာ့အဆင့်မီ ပညာရပ်များကို လေ့လာသင်ကြားခွင့်လည်း ရရှိပါမည်။ သင့်အလုပ်လုပ်နိုင်စွမ်းကို ပိုမိုတိုးတက်စေနိုင်ရန်အတွက်လည်း နိုင်ငံတကာတွင်ကျင်းပသည့် အခမ်းအနားများနှင့် ဆွေးနွေးပွဲများတက်ရောက်ရန် နိုင်ငံခြားခရီးစဉ်များသွားရမည့် အခွင့်အလမ်းများလည်း ရှိပါသည်။ သင့်အနေဖြင့် သင့်တာဝန်ဝတ္တရားများကို လုပ်ဆောင်လျက်ပင် မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများအတွက်  ပိုမိုကောင်းမွန်သည့် လူမှုဘဝပုံစံကို ပြောင်းလဲပေးသူတစ်ဦးဖြစ်နိုင်သည့် အခွင့်အလမ်း လည်း ရရှိမည် ဖြစ်ပါသည်။

Proximity Designs အကြောင်း

Proximity Designs သည် ကမ္ဘာလုံးဆိုင်ရာအရေးကြီးသောပြဿနာများဖြစ်သည့် ရာသီဥတု ပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာမလုံလောက်မှု၊ တန်းတူညီမျှ မရှိမှု နှင့် နိုင်ငံရေးပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်။ ကျေးလက်နေပြည်သူ ထောင်ပေါင်းများစွာတို့အား ၎င်းတို့၏ မြေဆီလွှာကို ပြုစုစောင့်ရှောက် ထိန်းသိမ်းကြရန်၊ အစားအစာ ပိုမိုစိုက်ပျိုးရန်၊ ဝင်ငွေ ပိုကောင်းလာစေရန်နှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ လိုက်လျောညီထွေနေထိုင် တည်ဆောက်တက်ရန် ကူညီခြင်းဖြင့် ၎င်းပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန် ကျွန်ုပ်တို့က လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့သည် လယ်သမားမိသားစုများကို ပိုမိုအကျိုးဖြစ်ထွန်းစေ၍ အမြတ်အစွန်း ပိုရလာစေပြီး  သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေမည့် လိုအပ်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဒီဇိုင်းဆွဲကာ လုပ်ဆောင်ပါသည်။​ ကျွန်ုပ်တို့၏ ဝင်ငွေနည်းသော တောင်သူလယ်သမား သုံးစွဲသူများအား အသေးစား ရေသွင်း စိုက်ပျိုးရေး နည်းစနစ်များ၊ ဇီဝမြေသြဇာများနှင့် ဇီဝပိုးသတ်ဆေးများ၊ မြေဆီလွှာကျန်းမာရေး စစ်ဆေးခြင်း ကိရိယာများ၊ ကွင်းဆင်းဆောင်ရွက်ပေးသော သီးနှံကာကွယ်ရေးဝန်ဆောင်မှုများနှင့် လယ်ယာချေးငွေများကဲ့သို့သော ငွေကြေးအကုန်အကျနည်းစေရန် တီထွင်ဆန်းသစ်ထားသည့် နည်းလမ်းကောင်းများကို လက်ဆင့်ကမ်း ပေးလျက်ရှိပါသည်။လွန်ခဲ့သည့် (၁၈) နှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆင်းရဲနွမ်းပါးသော စိုက်ပျိုးရေးလုပ်ကိုင်သည့်  အိမ်ထောင်စုပေါင်း (၁.၂) သန်းအတွက် အပိုဝင်ငွေ အမေရိကန်ဒေါ်လာ (၇၈၂) သန်းကို ရှာပေးနိုင်ခဲ့ ပါသည်။ ဤသို့ဝင်ငွေတိုးလာခြင်းဖြင့် လယ်သမားများသည် ၎င်းတို့၏ ကလေးများအတွက် ပညာရေး၊ အာဟာရပြည့်ဝသောအစားအစာ၊ ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ၎င်းတို့၏ လယ်ယာ (သို့မဟုတ်) အခြားကျေးရွာစီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံ နိုင်ပါသည်။

လျှောက်ထားရန်-

မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို Apply တွင်နှိပ်၍ ပေးပို့လျောက်ထားနိုင်ပါတယ်။

Proximity သည် လုပ်ငန်းခွင်အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားပြုခြင်းမှ အကာအကွယ်ပေးခြင်း၊ ကလေးငယ်များအား အကာအကွယ်ပေးခြင်း၊ နှောင့်ယှက်ခြင်းကင်းသော လုပ်ငန်းခွင်၊ ဘဏ္ဍာရေးဆိုင်ရာ သမာသမတ်ရှိမှုနှင့် အခြားများစွာသော အခြားအကျိုးခံစားခွင့်ဆိုင်ရာ မူဝါဒများကို ချမှတ် ကျင့်သုံးသော အဖွဲ့အစည်းဖြစ်ပါသည်။

Proximity သည် လျှောက်ထားသူအားလုံး၏ လူမျိုး၊ လိင်၊ အရောင်အသွေး၊ နိုင်ငံသားဇစ်မြစ်၊ လိင်စိတ်ခံယူမှု၊ အသက်၊ အိမ်ထောင်ရေး အခြေအနေ၊ မသန်စွမ်းမှုတို့နှင့် မသက်ဆိုင်ဘဲ လျှောက်ထားသူအားလုံးကို တန်းတူညီမျှ ထည့်သွင်းစဉ်းစားမည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများ လျှောက်ထားရန် တိုက်တွန်းအပ်ပါသည်။

Proximity အနေဖြင့် ပဏာမရွေးချယ်ခံရသူများကိုသာ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ကြောင်း အသိပေးလိုပါသည်။

လျှောက်လွှာပိတ်မည့်ရက် -  13 –2 – 2023

ပေါင်းတည်ရုံးလိပ်စာ - အမှတ် (၁၁၅၁) ရွှေတောင်လမ်း၊ မင်းကွက် (၃)၊ ပေါင်းတည်မြို့။

ဖုန်းနံပါတ် - ၀၉ - ၉၇၆၆၅၅၁၉၉၊ ၀၉ - ၄၄၃၇၃၂၁၇၃ ။

ဓနုဖြူရုံးလိပ်စာ - အိမ်အမှတ် (၆၂)၊ (၁) လမ်း၊ အမှတ် (၁၇) ရပ်ကွက် ၊ရွှေဟ်သာကျောင်းတိုက်အနီး၊ ဓနုဖြူမြို့။

ဖုန်းနံပါတ် - ၀၉ - ၉၈၈၆၈၆၈၁၅၊ ၀၉ - ၆၇၆၂၁၃၅၃၅ ။

အိမ်မဲရုံးလိပ်စာ - ငုဝါလမ်း၊ ချောင်းဝရပ်ကွက်၊ အိမ်မဲမြို့။

ဖုန်းနံပါတ် - ၀၉-၉၇၆၇၉၆၄၀၇၊ ၀၉- ၇၉၁၀၉၄၆၀၇။

Proximity Designs

Proximity Designs proximitydesigns.org

Proximity Designs is a social business in Myanmar. We design and deliver affordable, income-boosting products that complement the entrepreneurial spirit of rural families.

🏷 Details

Posted on
January 13th 2023
Department
Sales (Direct)
Experience
ENTRY-LEVEL
Type
FULL-TIME

Related jobs

  • Decent Work and Economic Growth
    Business & Human Rights Resource Centre
    Business & Human Rights Resource Centre

    Research Assistant – South Asia

    🌎 Remote 🇬🇧 United Kingdom 📝 FULL-TIME 🎯 ENTRY LEVEL
    1d
  • Decent Work and Economic Growth
    Pula
    Pula

    Commercial Manager - Kenya

    🇰🇪 Nairobi, KE 📝 CONTRACTOR 🎯 MID LEVEL
    1d
  • Decent Work and Economic Growth
    Climate Policy Initiative
    Climate Policy Initiative

    Senior Communications Associate, Content and Editing

    🇺🇸 San Francisco, CA, US 📝 FULL-TIME 🎯 EXPERIENCED
    2d
  • Decent Work and Economic Growth
    Pula
    Pula

    Actuarial Analyst

    🌎 Remote 🇰🇪 Kenya 📝 FULL-TIME 🎯 ENTRY LEVEL
    4d
  • Decent Work and Economic Growth
    Climate Policy Initiative
    Climate Policy Initiative

    Analyst/Senior Analyst, Just Transition Finance

    🇮🇳 New Delhi, IN 📝 FULL-TIME 🎯 ENTRY LEVEL
    4d
  • Decent Work and Economic Growth
    Pula
    Pula

    Call Centre Coordinator- Tanzania

    🇹🇿 Tanzania, United Republic of 📝 CONTRACTOR 🎯 MID LEVEL
    5d
  • Decent Work and Economic Growth
    Solidarity Center
    Solidarity Center

    Campaigns Director

    🇺🇸 Washington, DC, US 📝 FULL-TIME 🎯 MANAGER SUPERVISOR
    8d
  • Decent Work and Economic Growth
    Mission Economic Development Agency
    Mission Economic Development Agency

    Operations Manager

    🇺🇸 San Francisco, CA, US 📝 FULL-TIME 🎯 MID LEVEL
    9d
  • Decent Work and Economic Growth
    Accion
    Accion

    Operations and Benefits Specialist, Human Resources

    🇺🇸 United States 📝 FULL-TIME
    9d
  • View all