Decent Work and Economic Growth

- a month ago -

Proximity Designs is hiring a

Head of Territory

🇲🇲 Taungdwingyi, MM 📝 FULL-TIME 🎯 MANAGER SUPERVISOR

Head of Territory ( တောင်တွင်းကြီး (၁) ဦး)

ရေတံခွန် တိုက်ရိုက်အရောင်းဖွဲ့စည်းပုံတွင် တောင်သူများထံ ထိရောက်သော ဝန်ဆောင်မူများ ပေးနိင်ရန်အတွက် ရေတံခွန်အဖွဲ့စည်းမှ ချမှတ်ထားသော နည်းဗျူဟာများနှင့် အညီ သီးနှံအကြံပေးကိုယ်စားလှယ်များ၊ အရောင်းဝန်ထမ်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ နယ်ရုံးတွင်ရှိသော ရေတံခွန် ဝန်ဆောင်မူများနှင့် ထုတ်ကုန်များအတွက် လိုအပ်သော အရောင်းမြှင့်တင်ခြင်းနှင့် နောက်ဆက်တွဲ ဝန်ဆောင်မူများအတွက် နည်းဗျူဟာကျစွာ ထောက်ပံ့ဆောင်ရွက်ပေးရန်အတွက် တောင်တွင်းကြီး ရုံးခွဲ တွင် Head of Territory (၁) ဦးအား ခန့်အပ်ရန် ရှိပါသည်။

လုပ်ဆောင်ရမည့်တာဝန်များ

  • ရေတံခွန်မှ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို တောင်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးရောင်း ချနိင်ရန် စီမံခန့်ခွဲခြင်း။
  • နယ်မြေစီမံခန့်ခွဲခြင်းတွင်အဓိကကျသော၊ စိုက်ပျိုးသီးနှံများနှင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို ဝန်ထမ်းများအတွက် မျှဝေပေးခြင်း၊ ဦးဆောင်လမ်းပြပြုလုပ်၍ နယ်မြေစီမံခန့်ခွဲပေးခြင်း။
  • မိမိနယ်ရုံးများတွင် လိုအပ်သလို ပြန်လည် ဆန်းစစ်၍ ဈေးကွက် အခွင့်အလမ်းသစ်များ ဖော်ထုတ်ခြင်း။
  • အဖွဲ့အစည်းမှ ချမှတ်ထားသော မဟာဗျူဟာများအား စဉ်ဆက်မပြတ်တိုးတက်အောင် ဆောင်ရွက်ခြင်း။
  • ရုံးတွင်း၊ ရုံးပြင်ပရှိ အဖွဲ့စည်းများ၊ ဒေသခံ အာဏာပိုင်များနှင့် ပူးပေါင်း၍ စိုက်ပျိုးရေး ဈေးကွက်များ အတွက် အချက်အလက်များ ရှာဖွေ စုဆောင်း၍ သုတေသနပြုလုပ်ခြင်း။
  • သက်ဆိုင်ရာ ဒေသအတွင်းရှိ တောင်သူများ၊ အဖွဲ့အစည်းများနှင့် Network များတည်ဆောက်ခြင်း၊ ဆက်ဆံရေးအား ထိန်းသိမ်းခြင်း။
  • ရရှိလာသော အရောင်းပိုင်းဆိုင်ရာ သတင်းအချက်လက်များကို ပြုစု၍ Regional Manager ထံသို့ Report နှင့် Feedback များပေးခြင်း။
  • သုံးလတစ်ကြိမ်နှင့် နှစ်ပတ်လည် ရည်မှန်းချက်များ ချမှတ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်။
  • မိမိတာဝန်ကျရာ နယ်ရုံးအတွင်းရှိ ဝန်ထမ်းများရွေးချယ်ခန့်အပ်ခြင်း၊ မိမိဝန်ထမ်းများအား စိတ်ခွန်အား မြင့်မားစေရန်နှင့် လုပ်ငန်းကျွမ်းကျင်မူများ ရှိလာစေရန်အတွက် လိုအပ်သော သင်တန်းများသင်ကြား ပေးခြင်း။
  • ရုံးခွဲတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို KPI ဖြင့် အကောင်အထည်ဖော်ခြင်း၊ တိုင်းတာစစ်ဆေးခြင်း။
  • မိမိတာဝန်ကျ နယ်မြေတွင်ရှိသော အရောင်း ဝန်ဆောင်မူများ၊ ဘတ်ဂျက်များ၊ စာရင်းဇယားများကို စီမံခန့်ခွဲခြင်း နှင့် ရည်မှန်းချက်များ နှင့် Business Plan များရေးဆွဲခြင်း။

လိုအပ်သည့်အရည်အချင်းများ

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ။

  • စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်သော အတွေ့အကြုံရှိသူ။

  • မိမိ၏ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြနိုင်သူ။

  • ပိုမိုဆန်းသစ်သော နည်းစနစ်များနှင့် နည်းဗျူဟာများကို ဖန်တီးနိင်သူ။

  • အဖွဲ့စည်း၏ လိုအပ်ချက်အရ တာဝန်ချရာနေရာအား ပြောင်းရွေ့နိင်သူ။

  • စီမံခန့်ခွဲမူ အတွေ့ကြုံရှိပြီး အသင်းအဖွဲ့ကို ဦးဆောင်နိင်သူ။

  • ဝန်ထမ်း (၂၀) ဦးခန့်ကို စီမံခန့်ခွဲနိုင်သူ။

  • ဝန်ထမ်းများအား ပိုမိုတိုးတက်လာစေရန် လေ့ကျင့်သင်ကြားပေးနိင်သူ။

  • နယ်ဝန်ထမ်းများနှင့် ရန်ကုန်ဝန်ထမ်းများကြား ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိင်သူ။

  • ဘတ်ဂျက်၊ ဝင်ငွေနှင့် ကုန်ကျစရိတ်များကို စီမံခန့်ခွဲနိုင်သူ။

  • လုပ်ငန်းလိုအပ်ချက်အရ သက်ဆိုင်ရာမြို့နယ်ရှိ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ။

  • ဒီဂျစ်တယ် နည်းစနစ်များနှင့် အင်္ဂလိပ်စာ ကောင်းမွန်သူ။

  • Computer, E-mail, Microsoft word, Excel, PowerPoint, Google Apps များကို ကောင်းစွာ အသုံးပြုနိုင်သူ။

သင်ရရှိနိင်မည့် အခွင့်အလမ်းများ

သင့်အနေဖြင့် မြင့်မားသောလစာ ခံစားခွင့်ရရှိရုံသာမက ကျန်းမာရေးဆိုင်ရာခံစားခွင့်များနှင့် သင့်လုပ်ငန်းစွမ်းရည် တိုးတက်စေနိုင်မည့် အခြားအခွင့်အလမ်းများလည်း ရရှိမည်ဖြစ်သည်။ ထို့အပြင် ရှေ့သို့ဦးတည်စဉ်းစား တွေးခေါ်သူများနှင့် ကောင်းမွန်သော လုပ်ငန်းခွင်မှာ အလုပ်လုပ်ရမည်ဖြစ်ပြီး Proximity School မှတစ်ဆင့် ကမ္ဘာ့အဆင့်မီ ပညာရပ်များကို လေ့လာသင်ကြားခွင့်လည်း ရရှိပါမည်။ သင့်အနေဖြင့် သင့်တာဝန်ဝတ္တရားများကို လုပ်ဆောင်လျက်ပင် မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများအတွက်  ပိုမိုကောင်းမွန်သည့် လူမှုဘဝပုံစံကို ပြောင်းလဲပေးသူတစ်ဦးဖြစ်နိုင်သည့် အခွင့်အလမ်း လည်း ရရှိမည် ဖြစ်ပါသည်။

Proximity Designs အကြောင်း

Proximity Designs သည် ကမ္ဘာလုံးဆိုင်ရာအရေးကြီးသောပြဿနာများဖြစ်သည့် ရာသီဥတု ပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာမလုံလောက်မှု၊ တန်းတူညီမျှ မရှိမှု နှင့် နိုင်ငံရေးပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်။ ကျေးလက်နေပြည်သူ ထောင်ပေါင်းများစွာတို့အား ၎င်းတို့၏ မြေဆီလွှာကို ပြုစုစောင့်ရှောက် ထိန်းသိမ်းကြရန်၊ အစားအစာ ပိုမိုစိုက်ပျိုးရန်၊ ဝင်ငွေ ပိုကောင်းလာစေရန်နှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ လိုက်လျောညီထွေနေထိုင် တည်ဆောက်တက်ရန် ကူညီခြင်းဖြင့် ၎င်းပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန် ကျွန်ုပ်တို့က လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့သည် လယ်သမားမိသားစုများကို ပိုမိုအကျိုးဖြစ်ထွန်းစေ၍ အမြတ်အစွန်း ပိုရလာစေပြီး  သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေမည့် လိုအပ်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဒီဇိုင်းဆွဲကာ လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့၏ ဝင်ငွေနည်းသော တောင်သူလယ်သမား သုံးစွဲသူများအား အသေးစား ရေသွင်း စိုက်ပျိုးရေး နည်းစနစ်များ၊ ဇီဝမြေသြဇာများနှင့် ဇီဝပိုးသတ်ဆေးများ၊ မြေဆီလွှာကျန်းမာရေး စစ်ဆေးခြင်း ကိရိယာများ၊ ကွင်းဆင်းဆောင်ရွက်ပေးသော သီးနှံကာကွယ်ရေးဝန်ဆောင်မှုများနှင့် လယ်ယာချေးငွေများကဲ့သို့သော ငွေကြေးအကုန်အကျနည်းစေရန် တီထွင်ဆန်းသစ်ထားသည့် နည်းလမ်းကောင်းများကို လက်ဆင့်ကမ်း ပေးလျက်ရှိပါသည်။လွန်ခဲ့သည့် (၁၈) နှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆင်းရဲနွမ်းပါးသော စိုက်ပျိုးရေးလုပ်ကိုင်သည့်  အိမ်ထောင်စုပေါင်း (၁.၂) သန်းအတွက် အပိုဝင်ငွေ အမေရိကန်ဒေါ်လာ (၇၈၂) သန်းကို ရှာပေးနိုင်ခဲ့ ပါသည်။ ဤသို့ဝင်ငွေတိုးလာခြင်းဖြင့် လယ်သမားများသည် ၎င်းတို့၏ ကလေးများအတွက် ပညာရေး၊ အာဟာရပြည့်ဝသောအစားအစာ၊ ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ၎င်းတို့၏ လယ်ယာ (သို့မဟုတ်) အခြားကျေးရွာစီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံ နိုင်ပါသည်။

လျှောက်ထားရန်

မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို Apply တွင်နှိပ်၍ ပေးပို့လျောက်ထားနိုင်ပါတယ်။

Proximity သည် လုပ်ငန်းခွင်အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားပြုခြင်းမှ အကာအကွယ်ပေးခြင်း၊ ကလေးငယ်များအား အကာအကွယ်ပေးခြင်း၊ နှောင့်ယှက်ခြင်းကင်းသော လုပ်ငန်းခွင်၊ ဘဏ္ဍာရေးဆိုင်ရာ သမာသမတ်ရှိမှုနှင့် အခြားများစွာသော အခြားအကျိုးခံစားခွင့်ဆိုင်ရာ မူဝါဒများကို ချမှတ် ကျင့်သုံးသော အဖွဲ့အစည်းဖြစ်ပါသည်။

Proximity သည် လျှောက်ထားသူအားလုံး၏ လူမျိုး၊ လိင်၊ အရောင်အသွေး၊ နိုင်ငံသားဇစ်မြစ်၊ လိင်စိတ်ခံယူမှု၊ အသက်၊ အိမ်ထောင်ရေး အခြေအနေ၊ မသန်စွမ်းမှုတို့နှင့် မသက်ဆိုင်ဘဲ လျှောက်ထားသူအားလုံးကို တန်းတူညီမျှ ထည့်သွင်းစဉ်းစားမည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများ လျှောက်ထားရန် တိုက်တွန်းအပ်ပါသည်။

Proximity အနေဖြင့် ပဏာမရွေးချယ်ခံရသူများကိုသာ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ကြောင်း အသိပေးလိုပါသည်။

လျှောက်လွှာပိတ်မည့်ရက် -  10 –March – 2023

Proximity Designs

Proximity Designs proximitydesigns.org

Proximity Designs is a social business in Myanmar. We design and deliver affordable, income-boosting products that complement the entrepreneurial spirit of rural families.

🏷 Details

Posted on
February 10th 2023
Department
Sales (Direct)
Experience
MANAGER-SUPERVISOR
Type
FULL-TIME

📢 Share job

Related jobs
+ Add job

  • Decent Work and Economic Growth
    Accion
    Accion

    Asia Regional Program Manager, Global Advisory Solutions

    🌎 Remote 🇮🇳 India 📝 FULL-TIME
    3d
  • Decent Work and Economic Growth
    Solidarity Center
    Solidarity Center

    Program Officer II

    🇺🇸 Washington, DC, US 📝 FULL-TIME 🎯 MID LEVEL
    5d
  • Decent Work and Economic Growth
    Climate Policy Initiative
    Climate Policy Initiative

    Gender-Responsive Climate Finance Consultant

    🌎 Remote 📝 FULL-TIME 🎯 EXPERIENCED
    7d
  • Decent Work and Economic Growth
    Climate Policy Initiative
    Climate Policy Initiative

    Senior Operations Associate

    🇬🇧 London, GB 📝 FULL-TIME 🎯 MID LEVEL
    7d
  • Decent Work and Economic Growth
    Climate Policy Initiative
    Climate Policy Initiative

    Digital Communications Associate

    🇧🇷 Rio de Janeiro, BR 📝 FULL-TIME
    7d
  • Decent Work and Economic Growth
    Accion
    Accion

    Senior Investment Officer, Accion Impact Management

    📝 FULL-TIME
    10d
  • Decent Work and Economic Growth
    Commonwealth
    Commonwealth

    Senior Marketing Coordinator

    🇺🇸 Boston, MA, US 📝 FULL-TIME 🎯 MID LEVEL
    13d
  • Decent Work and Economic Growth
    Accion
    Accion

    Senior Director of Operations and Stakeholder Relations, Center for Financial Inclusion

    🇺🇸 United States 📝 FULL-TIME
    14d
  • Decent Work and Economic Growth
    Accion
    Accion

    Vice President of Operations and Stakeholder Relations, Center for Financial Inclusion

    🇺🇸 United States 📝 FULL-TIME
    14d
  • View all